International News

တရုတ်ပြည်တွင်း ယူရီးယားဈေးနှုန်းများသည် ဇူလိုင် ၂၅ ရက်တွင် ၃ ဒသမ ၆၃ ရာခိုင်နှုန်း ကျဆင်းခဲ့

Last Updated:

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၅ ရက်နေ့တွင် ပြည်တွင်း၌ ယူရီးယားတစ်တန်လျှင် ၂,၅၂၂ ယွမ်ဈေးဖြင့် အနည်းငယ် လျော့ကျကာ ယမန်နှစ် အလားတူကာလ ဇူလိုင် ၂၂ ရက် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်တန်လျှင် ၉၅ ယွမ်  ( ၉.၂၈ ရာခိုင်နှုန်း) ကျဆင်းခဲ့ကြောင်း၊ ထုတ်လုပ်မှုအထက်ပိုင်း upstream  ကုန်ကျစရိတ်ပံ့ပိုးမှုမှာ ယေဘုယျသာဖြစ်၍  ထုတ်လုပ်မှု အောက်ပိုင်း down stream တွင် စိုက်ပျိုးရေး၀ယ်လိုအား အားနည်းလာပြီး စက်မှု လိုအပ် ချက် အတွက်ဖြည့်ဆည်းမှုမှာ မလုံလောက်ကြောင်း၊ ယူရီးယားထုတ်လုပ်သူများ၏ အရောင်းဖိအားသည် တိုးမြင့်လာပြီး အော်ဒါများကို ဆွဲဆောင် ရန် ဈေးနှုန်းလျှော့ချခဲ့ကြောင်း၊ အချို့သောထုတ်လုပ်သူများက စက်ရုံ၏အစိတ်အပိုင်းများ ပြန်လည်ပြင်ဆင်ပြီးဖြစ်သော်လည်း နေ့စဉ် ယူရီးယား အထွက်နှုန်းမှာ တန်ချိန် ၁၄၇,၀၀၀ ခန့်အထိ ကျဆင်းသွားဖွယ်ရှိနေကြောင်းနှင့် ပြည်တွင်းယူရီးယားဈေးကွက်ပေါက်ဈေးမှာ ပျမ်းမျှဈေး တစ်တန် လျှင် ၂,၅၂၀ ယွမ်ဝန်းကျင်ဖြင့် အနိမ့်ဆုံးအဆင့်တွင် စုစည်းနိုင်မည်ဟု မျှော်လင့်ရကြောင်း ဖေါ်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)
ရင်းမြစ် SunSirs: Domestic Urea Prices Fell 3.63% on July 25

 

Category: International News